အော်သံ

Friday, June 11, 2010

ငါတို့တွေ ငှက်တွေလိုပျံသန်းသွားစဉ်တုန်းက
ငှက်တွေပျံသန်းသွားတဲ့အခါ သစ်ပင်ကြီးတပင်တည်း ကျန်ခဲ့သလို
ကလေးတွေကျောင်းဆင်းသွားတဲ့ စာသင်ကျောင်းတခုလို
မှန်ဘီဒိုထဲ ထည့်စီလိုက်ရတဲ့ ကော်ဖီခွက်တွေကို ငေးရင်း အမေတယောက်ထဲ ကျန်ခဲ့တဲ့အခါ
ဘယ်လိုစကားနဲ့မှ မနှစ်သိမ့်ပေးလိုက်ရဘူး။
မနှစ်သိမ့်ပေးခဲ့ဘူး။

မေတ္တာတရားတွေ မလုံလောက်တော့တဲ့အခါမှ
ဖြတ်သန်းရာလမ်းတွေ သိပ်ေ၀၀ါးတဲ့အခါမှ
ရာသီဥတုတွေ သိပ်အေးစက်တဲ့အခါမှ
အော်ဟစ်မိတယ်
ဘာလို့ပျံသန်းဖို့ မွေးဖွားလာတယ်လို့ ထင်ရတာလဲ
ငါအရူးပဲ
ဒီလိုအော်ဟစ်မိတယ်… အားလုံးအရူးတွေပဲ

ငါအိမ်ကိုပြန်တော့မယ်လို့ ကိုယ့်ကိုယ်ကိုလှည့်စားရင်း
စိတ်ညစ်ပတ်တဲ့လူတွေရဲ့ ဆူနေတဲ့အသံတွေကြားမှာနေတယ်
တခါတလေလဲ စိတ်ကျနေတဲ့လူတွေရဲ့ တိတ်ဆိတ်မှုနားမှာနေတယ်
သက်တမ်းတိုပေါင်းပင်တပင်လိုပဲ နေပူပူမိုးရွာရွာ
ဒီမှာ နေမြဲနေတယ်။ နေပစ်လိုက်တယ်။

မင်းတို့လဲ
အာဃာတမျက်အိမ်ကျဉ်းကျဉ်းတွေနဲ့ ငါ့နောက်ကျောမှာ ဓါးအမြဲဝဲမနေနဲ့
ဘယ်မှာလဲ မင်းဘ၀၊ သူ့ဘဝ
ရှုပ်ယှက်ခတ်နေတဲ့ ကြွားလုံးခပ်လှလှတွေကိုမက်ပြီး
ဒီလိုပဲဆက်ပြီး
ကိုယ့်ဘ၀ကိုယ်ဖက်ပြီး နေပစ်လိုက်ကြစမ်းပါ

ဖြစ်မြဲဖြစ်စဉ်အတိုင်း
ကိုယ့်ကိုယ်ကို ငှက်တွေလို့ထင်မြဲထင်ပြီး
ဒီလိုနေရာကြီးမှာတောင် တောထအောင် ပိန်းပစ်လိုက်ကြတာပေါ့

3 Comments:

ngukhine said...

မေတ္တာတရားတွေ မလုံလောက်တော့တဲ့အခါမှ
ဖြတ်သန်းရာလမ်းတွေ သိပ်ေ၀၀ါးတဲ့အခါမှ
ရာသီဥတုတွေ သိပ်အေးစက်တဲ့အခါမှ
အော်ဟစ်မိတယ်
ဘာလို့ပျံသန်းဖို့ မွေးဖွားလာတယ်လို့ ထင်ရတာလဲ
ငါအရူးပဲ
ဒီလိုအော်ဟစ်မိတယ်.................
ဟုတ်တယ်ဟန်နီရေ..
တူတူလာအော်သွားတယ်။

စာဖတ်သူအရူးတစ်ယောက်..

အမရာ said...

ဟုတ်တယ်..အဲသလိုပဲ
အော်ဟစ်မိတယ်...အရူးတွေပဲ..
ငါအရူးပဲ...

saung oo said...

nice one!!!
it gives me many...........