Sunday, December 27, 2009
သဲမုန်တိုင်းလိုမွှေတယ် စိတ်တွေ
ဟော အခုပဲ ရေခဲမြစ်လို ရပ်တန့်အေးစက်သွား
စောင့်ရှောက်မထားနိုင်တဲ့ စိတ်ကူးလေးများ
ကတိမ်းကပါးလက်လွှတ်ခဲ့ရ
ခွင့်လွှတ်ကြပါကွယ်
ထောင့်ကိုးရာရှစ်ဆယ်ရုပ်ရှင်များထဲကလို
အိပ်မပျော်သူအတွက် မနက်ဖြန်ဆိုတာရှိပါသလားလို့
ခန့်ခန့်ငြားငြားကြီးလွမ်းပြချင်လှ
တကယ်တမ်းက မီးခဏခဏပျက်တယ်
ကောင်းခန်းမရှိဘူး ဇတ်မသိမ်းဘူး
ဘ၀တွေ ဘ၀တွေ လိုရင်းမရောက်ဘူး
ငိုက်စိုက်ကျဦးခေါင်းများ
ခရမ်းရောင်ပန်းအိုးလေးထဲထိုးစိုက်ခဲ့ကြ
ဒီလောက်ပါပဲ
ဒီလောက်ပဲ လှနိုင်ကြတယ်။ ။
5 Comments:
ဟန်နီရေ..
ဒီဇင်ဘာမှာ နိုးလာတဲ့ တစ်ရေး....
ချက်ချင်းပြန်အိပ်မသွားနဲ့နော်....
ဘ၀တွေ ဘ၀တွေ လိုရင်းမရောက်ဘူး.... ။
အဟုတ်ပဲ..း)
အခု
အိပ်ရေးမ၀သလို ခံစားနေရတယ် :)
အား ကဗျာလေးကို တွေးချင်သလို တွေးသွားတယ်။ ဘ၀တွေ ဘ၀တွေ အကန့်အသတ်တွေနဲ့ မြို့ထဲက ဘ၀တွေ .....
သဲမုန်တိုင်းလိုမွှေတယ် စိတ်တွေ
ဟော အခုပဲ ရေခဲမြစ်လို ရပ်တန့်အေးစက်သွား
စောင့်ရှောက်မထားနိုင်တဲ့ စိတ်ကူးလေးများ
ကတိမ်းကပါးလက်လွှတ်ခဲ့ရ
ခွင့်လွှတ်ကြပါကွယ်...။။။
လွမ်းလို့..အဟောင်းတွေပဲ
အလွမ်းပြေ..။။။
Post a Comment