Wednesday, March 18, 2009
မျက်ရည်တွေဟာပူနွေးလွန်လွန်းလို့
ဘယ်စမ်းချောင်းရဲ့ စီးဆင်းမှုကိုမှ မယုံကြည်တော့ဘူး
အပြင်းဖျားနေတဲ့သံသယကိုသာ အိပ်ဆေးအဖြစ်သုံးနေရ
ငါပင်ပန်းလှချည့်လို့
အတ္တကို တဖွဖွအရေးတယူပြုရ
နေ့နဲ့ညလား
ပြတင်းတံခါးတွေ ငါပိတ်ထားလိုက်တဲ့နောက်
တိတ်ဆိတ်မှုလောက် ဘယ်ဟာမှအဖိုးမတန်တော့ဘူး
အိပ်မက်ကိုရေးကြီးခွင်ကျယ်မလုပ်သလိုပဲ
ပြာပူတွေတဖွဲဖွဲလွင့်နေလဲ
ဘာတွေလောင်ကျွမ်းခဲ့သလဲလို့
မနက်ဖြန်ခါ ကြေကွဲပေးနိုင်မယ်မထင်ဘူး။
ဘ၀တခုခုမှာ
နိုဝင်ဘာရောက်မှ နိုးထတဲ့ ပန်းလေးတပွင့်ပွင့် ဖြစ်ပါရစေ။ ။
11 Comments:
မျက်ရည်တွေဟာပူနွေးလွန်လွန်းလို့
ဘယ်စမ်းချောင်းရဲ့ စီးဆင်းမှုကိုမှ မယုံကြည်တော့ဘူး
အပြင်းဖျားနေတဲ့သံသယကိုသာ အိပ်ဆေးအဖြစ်သုံးနေရ
သံသယ...
တစ်ခါတစ်လေ..သံသယတွေ..က
ိုသံသယဖြစ်နေမိပြန်တယ်..
သံသယကို အိပ်ဆေးလို သုံးလို့ မရဘူးဟန်နီရယ်..
သံသယဟာ ဂျပိုးများတဲ့ အိပ်ရာပဲ...
ဆုတောင်းချင်းတူနေပါလားကွယ်........
ဆုတောင်းချင်းတူရင် ငါအရင်တောင်းတာနော် :D
ရင်ထဲ ရောက်တယ်။
ပြန်ထွက်သွားပေမယ့် ရင် ထဲမှာ ကျန်ရစ်တယ်။
ပြီးတော့ ရင် ပူတယ်။း)
“ပြတင်းတံခါးတွေ ငါပိတ်ထားလိုက်တဲ့နောက်
တိတ်ဆိတ်မှုလောက် ဘယ်ဟာမှအဖိုးမတန်တော့ဘူး”
အဲဒီစာကြောင်းလေးကို တကယ်ခံစားရတယ်... အဆုံးသတ်လေးလည်း အရမ်းလှတယ် ဟန်နီရယ်...
သတိရလို့လာကြည့်တယ။်
သူလဲပဲပျောက်တယ်......
့happy birthday honey
အဆင်ပြေပါစေကွားးး
မျက်ရည်တွေဟာပူနွေးလွန်လွန်းလို့
ဘယ်စမ်းချောင်းရဲ့ စီးဆင်းမှုကိုမှ မယုံကြည်တော့ဘူး
မျက်ရည်တွေ ပူလွန်းလို့ ခန်းသွားပြီ။
နိုဝင်ဘာရောက်ရင် အွန်လိုင်းပေါ်မှာ အစ်မရဲ့ကဗျာသစ်တွေဖတ်ရမယ်လို့ မျှော်လင့်ပါတယ်ဗျာ
Post a Comment