Tuesday, February 24, 2009
ကမ်းပါးထိပ်မှာလိုပဲ အသက်ကိုမျှဉ်းရှူပြီး
ငြိမ်သက် လဲခွေ ကြည့်နေမိ
မျှော်လင့်ခြင်းတွေပြိုကျတဲ့အထိ ပကတိ လွတ်ဟာနေခဲ့ရ
ပြီးမှ . . . အစအနတွေဖရိုဖရဲပြည့်နှက်သွား
ချောက်ကမ်းပါးအောက်မှာ
အဲဒီ ဓါတ်ပုံဘောင်ထင်းရူးသားပေါ်က
လက်ချောင်းတွေ ထုံကျင်လာတဲ့အထိ
သိပ်လှတဲ့နှုတ်ခမ်းတွေကို ငေးကြည့်နေမိ
အချိန်ကာလကို ငါမသိတော့ဘူး တကယ်ရောရှိလို့လား
သိမ်းဆည်းထားသမျှ လှည်းကျင်းချသွားတတ်တဲ့
အဲဒီအလင်းရောင်ကို နာကျည်းတယ်
ဘယ်အချိန်...
ဘယ်နေရာ ...
ဘယ်အခါပေါ့ . . . .
မနက်လင်းလာတိုင်း တကယ်ကိုဘာမှမရှိပါလား
4 Comments:
ကဗျာတွေက နွမ်းဖတ်နေတုန်းပဲ..။
လွမ်းနဲ့တော့လေနော်...
ဟန်နီ့အစား မောလို့..။
ဟုတ်တယ်....တကယ့်ကိုမနက်လင်းလာတိုင်း
ဘာမှကိုမရှိခဲ့ဘူးတာ.......ခံစားရတယ်.....
သိမ်းဆည်းထားသမျှ လှည်းကျင်းချသွားတတ်တဲ့
အဲဒီအလင်းရောင်ကို နာကျည်းတယ်
ဘယ်အချိန်...
ဘယ်နေရာ ...
ဘယ်အခါပေါ့ . . . .
မနက်လင်းလာတိုင်း တကယ်ကိုဘာမှမရှိပါလား
ပြောချင်တာတွေ သိပ်သိပ်သည်းသည်း..
နဲ့ပြောချပစ်လိုက်တယ်
အိန္ဒြာ
ဘယ်အချိန်...
ဘယ်နေရာ ...
ဘယ်အခါပေါ့ . . . .
မနက်လင်းလာတိုင်း တကယ်ကိုဘာမှမရှိပါလား
တကယ်ဘဲ သိမ်းထားသမျှ အမှတ်တရတွေကလွဲရင်
တကယ်ကို အနားမှာ ဘာမှမရှိ
Post a Comment