Thursday, January 15, 2009
အောက်ဆီဂျင်မဲ့ ဖန်ဘူးထဲက လိပ်ပြာတွေလို
အထဲက မင်းတို့ရဲ့အတွေးစတွေ အမြင်စတွေ ပြာနှမ်းနေသမျှ
ပွဲကြည့်သလို ငါတို့ကြည့်နေရ
မင်းတို့ အော်ဟစ်နေသမျှ
ဒီမျက်လုံးများက အသံတိတ်ပွဲကြည့်သလို ကြည့်နေရ
ပြီးမှ
မင်းတို့အော်သံတွေ ညည အိပ်မက်မှာကြားကြ
ဟော ကြည့်စမ်း . . .
ကြိုးတန်းပေါ်ကနေ
လိမ့်ကျသွားသလား လှိမ့်ချသွားသလားမသိရ
ပွဲကြည့်သလိုသာ ငါတို့ကြည့်နေရပေါ့
3 Comments:
ကဗျာက ကောင်းပဟန်နီရေ
သိပ်ကောင်းအောင် ရေးနေတဲ့
ဟန်နီရဲ့ ကဗျာတွေကိုလဲ
ဒီတိုင်းပဲကြည့်နေရတယ်
တိမ်းစောင်းလည်ပါတ်နေတဲ့
ပြဇာတ်ကြီးကိုဖတ်သွားပါတယ်.........
""အထဲက မင်းတို့ရဲ့အတွေးစတွေ အမြင်စတွေ ပြာနှမ်းနေသမျှ""
ဖတ်သွားပါတယ်..ဟန်နီ..
ပြောချင်တာတွေအားလုံးရလိုက်တယ်...
Post a Comment