ကျေးဇူးတင်လွှာ

Saturday, January 10, 2009

သူငယ်ချင်းအားလုံးသို့

မနှစ်က တနှစ်လုံးအီးမေးလ်တွေ တထောကြီး ပေးပို့ခဲ့ကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ရှိပါတယ်။

သူငယ်ချင်းတို့ရဲ့ ကျေးဇူးကြောင့် စာအိတ်တွေ တံဆိပ်ခေါင်းတွေရဲ့ကော်မှာ ကြွက်ချေးတွေကပ်နေ သိခဲ့ရပါပြီ။ အခုဆိုရင် အဲဒီ စာအိတ်တွေ တံဆိပ်ခေါင်းကိုတွေ လျှာနဲ့မလျက်တော့ပါဘူး။ ပြီးတော့ သံဘူးတွေကိုဖွင့်မယ်ဆိုရင် သေချာရေဆေးပြီး သုတ်ပြီးမှဖွင့်ပါတော့တယ်။ တခါသုံးတူတွေထဲမှာ မျောက်တွေနေတယ်ဆိုတာ ၉၈၃ကြိမ်တိတိ သိခဲ့ရပါပြီ။

ဘဏ်စုငွေလဲ တပြားမှမရှိတော့ပါဘူး ။ ဘာလို့လဲဆိုတော့ ဖျားနာပြီးသေမလိုဖြစ်နေတဲ့ ကောင်မလေးအတွက် အလှူခံအီးမေးကို တနှစ်ပါတ်လုံး ၁၃၈၇၂၅၈ကြိမ်တိတိရရှိပြီး ရရှိတိုင်း လှူဒါန်းခဲ့လို့ဖြစ်ပါတယ်။ အခုတပြားမှမရှိပေမယ့် မကြာမှီအခြေအနေတွေပြောင်းလဲတော့မှာ ဖြစ်ပါတယ်။ သူငယ်ချင်းတွေရဲ့ ကျေးဇူးကြောင့် ဘီလ်ဂိတ်ရဲ့ မိုက်ခရိုဆော့ဖ်နဲ့ အမေရိကန်အွန်လိုင်းတို့ရဲ့ ဆိုရှယ်အီးမေးပရိုဂရမ်မှာ ပါဝင်ခဲ့လို့ ပေါင်၁သောင်းခွဲတိတိ ရရှိတော့မှာဖြစ်ပါတယ်။

ဒါတင်ဘယ်ကမလဲ နိုက်ဂျီရီးယားက ဘဏ်စာရေးတယောက်ဆီက ဘဏ်မှာငွေအပ်ထားပြီး သေဆုံးသွားသူရဲ့ ဆွေမျိုးအဖြစ်ဟန်ဆောင်ပေးရုံနဲ့ ပေါင် ၇သန်းကို တ၀က်ခွဲပေးမယ်ဆိုတဲ့ အီးမေးလဲရထားသေးတယ်လေ။

ခုဆိုရင် ဘ၀တလျှောက်လုံးလဲ ပူပန်စရာမလိုတော့ဘူး။ သူငယ်ချင်းတို့ အီးမေးနဲ့ပို့လိုက်တဲ့ နတ်သမီးနတ်သားပေါင်း ၃၆၃ ၂၁၄ ပါးက လာစောင့်ရှောက်နေပြီလေ။ အဲဒီနတ်သမီး နတ်သားလေးတွေကို ငါးမိနစ်အတွင်း သူငယ်ချင်း၇ယောက်ဆီ ပြန်ပို့ခဲ့လို့ ခုဆိုရင် တောင်းထားသမျှဆုတွေ ပြည့်ရတော့မှာပါ။

ကိုကာကိုလာလဲမသောက်တော့ပါဘူး။ သူငယ်ချင်းတို့ရဲ့ ကျေးဇူးကြောင်း အဲဒီအရည်က အိမ်သာဂမုတ်ကိုတောင် ချေးချွတ်နိုင်တယ်ဆိုတာ သိခဲ့ရပါပြီ။

ရှော့ပင်းမောတွေကိုလဲ မသွားတော့ပါဘူး။ ရေမွှေး အရောင်းသမားဟန်ဆောင်ပြီး အိပ်မွေ့ချပြီး ငွေတွေယူသွားတတ်တယ်ဆိုတာကို သိခဲ့ရလို့ ကျေးဇူးအရမ်းတင်ပါတယ်။

အခုဆိုရင် ဖုန်းလာရင်လဲ မကိုင်တော့ပါဘူး။ ကိုင်လိုက်တာနဲ့ ဖုန်းထဲကလူက နံပါတ်တခုကိုနှိပ်ခိုင်းမှာဖြစ်ပြီး ဖုန်းဘီလ်လာတဲ့အခါ နိုင်ငံခြားခေါ်ဆိုမှုတွေ အများကြီးကို အံ့အားသင့်စွာတွေ့ရပြီး ငွေအများကြီးကုန်မယ်ဆိုတာ သိခဲ့ရတယ်။

သူငယ်ချင်းတို့ရဲ့ကျေးဇူးကြောင့် ကိုယ့်အိမ်ကအိမ်သာမဟုတ်ရင် မတက်တော့ပါဘူး။ အိမ်သာအဖုံးအောက်မှာ အာဖရိကပင့်ကူကြီးတွေ ရှိနေတတ်တယ်ဆိုတာ သိခဲ့ရပါပြီ။

အခု ဒီပို့စ်ကို ကူးပြီး အနည်းဆုံး လူတသိန်းလေးသောင်းကို နောက် မိနစ်၇၀အတွင့်ပို့လိုက်ပါ။ မပို့ရင် နောက်နေ့ ညနေ ၅နာရီတိတိမှာ ကုလားအုတ်၁၂ကောင်ဆီက လှေးတွေကျောကိုကိုက်ပြီး ကျောမှာအမွေးရှည်ကြီးနဲ့ဘုကြီးပေါက်လာပါလိမ့်မယ်။ ဒီအတိုင်း ဖြစ်ကိုဖြစ်မယ်ဆိုတာ သိနေပါတယ် ဘာလို့လဲဆိုတော့ ဘေးအိမ်ကလူရဲ့ ပထမယောက္ခမရဲ့ ဒုတိယယောက်ျားရဲ့ တ၀မ်းကွဲညီရဲ့ သူငယ်ချင်းမိတ်ကပ်ဆရာတယောက်ဟာ ဒီလို တထပ်တည်းဖြစ်ခဲ့လို့ပါပဲ။

စကားမစပ် တောင်အမေရိက သိပ္ပံပညာရှင်တွေရဲ့ သုတေသနတွေ့ရှိချက်တခုက ဥာဏ်ရည်နိမ့်တဲ့သူတွေက မောက်စ်ပေါ်လက်တင်ပြီး စာဖတ်တတ်သတဲ့။ ခုမှ လက်ကိုချမနေပါနဲ့လေ နောက်ကျသွားပါပြီ။ (ကီးပက်ပေါ်တင်ထားတဲ့သူတွေလဲ ပါတာပဲ ဟင်းဟင်း)

၂၀၀၉ မှာလဲ ပိုလှတဲ့ နတ်သမီးတွေ သိပ်အံ့သြစရာကောင်းတဲ့ အလန့်တကြားတွေ့ရှိချက်တွေကို တပျော်တပါးကြီး ဆက်လက်ပို့နိုင်ပါစေ။

မှတ်ချက်။ ။ Forum ၂ခုမှ ပို့၂ခုကို တချို့တ၀က်စီယူပြီး ဘာသာပြန်ထားသည်။

5 Comments:

Mhu Darye said...

hee hee....
same same.........
:P
and good news is, those mails will be again circulating on the internet whatsoever...till we died. ^-^
No escape!!

အိန္ဒြာ said...

ဟန်နီ...

စာတွေလာဖတ်သွားပါတယ်.

လေးစားခင်မင်တဲ့

အိန္ဒြာ

khin oo may said...

ရယ့်ရတယ် ဟန်နီ

PAUK said...

ဟီးဟီး...
အသားကုန်ရီရတယ်..
ညစ်နေတဲ့ စိတ်တွေတောင် ခနမေ့ထားလို့ရပြီ..
ကို.ဘ ညွှန်လို့ပါ..

မွန်ရဲနောင် said...

လာရယ်သွားပါတယ်..ဟန်နီ
:D