ရွံစရာကောင်းတဲ့ကိစ္စတွေ

Sunday, November 23, 2008

ငါ့ရှေ့ကနေ ထွန်မကျူးစမ်းပါနဲ့
ဘာမှမကျန်ဘူးဆိုတဲ့အချိန်မှာ ဘာမှမကျန်ဘူးဆိုတဲ့အသိ ကျန်ဖို့လိုတယ်

တမိုးလုံးငါလိုလူတွေချည်း
မရလိုက်သူတွေဆီမှာသာ တချို့လူတွေဟာငါးခပ်ကြီးကြီးဖြစ်ရ
ရေချိုးပြန်သူတွေများလေ ဒီမြစ်ကမ်းကသုန်မှုန်လေ

အကြိမ်တော်တော်များများမှာ ဘ၀ဟာ
ဝီစကီလောင်းပါ ကုတ်လောင်းပါလို့ တောင်းဆိုလို့မရတဲ့ရေခဲတုံးဖြစ်တယ်
တချို့တချို့တွေကလဲ ငါးသေကောင်ရဲ့ပါးစပ်နား လုံးပါးပါးရ

ဘယ်တော့မှမလာတဲ့ဘတ်စ်ကားလို အကျင့်သိက္ခာတွေကြားမှာ
မေတ္တာတရားက မှတ်တိုင်မှားဆင်းခဲ့ပြီ
ငါတို့တွေရော ဘာကိုစောင့်နေကြတာလဲ

1 Comment:

အမရာ said...

ဟုတ်တယ်နော်...ငါတို့တွေဘာကိုစောင့်နေမိပါလိမ့်...