သံဝေဂ အတု

Saturday, November 22, 2008

ဆုံးရှုံးရခြင်းတွေထဲမှာပဲ အသက်တွေကြီးရင့်
မဖြစ်သင့်တာတွေ ထ ထ ဖြစ်တတ်တာတခုထဲနဲ့လဲ
ဘ၀ကြီးကို ခနခန မဆဲရေးချင်တာ

လောင်ကျွမ်းပြီးသား ပြာလို အနာတွေကို သိုဝှက်
ဘယ်အတွက်ဘာကိုငဲ့မိမှန်းတောင် မသိတော့တာ

ဘယ်ဆီကမှ အလင်းရောင်တချက် ထူးမရခဲ့ပါဘူး
အိပ်ပျက်ညတိုင်းမှာ အမြင်အာရုံတွေတော့ ကျင့်သားရလာခဲ့
ဒီလိုပဲသန်မာရမယ် အနည်းဆုံးတော့ သန်မာဟန်ဆောင်ရမယ်

ပင်လယ်ကြီးအငန်ပေါ့စေကြောင်း ရေစင်သွန်းလောင်းပေးမိတဲ့အခါမှ
မျက်နှာမရဖိနပ်ရ စေတနာများအတွက်လဲ
တရားမရနိုင်လွန်းလို့ ကိုယ့်စိတ်ကိုယ် ကို ပြတ်စဲကြောင်းကြေငြာလို့မရ

ကျေးဇူးမတင် -င်-ှန်ပြတာ လူ့ဗီဇလား
ကျေးဇူးအထူးအတင်ခံချင်တာက မူလလားဆိုတာတွေနဲ့
ဘဲဥအစ ရှာကြ၊ ပုတ်သင်ဥပေါ်မှ စိတ်နာကြ

မေ့လွယ်ပျောက်လွယ်တွေအတွက် ထပ်ပြောချင်တယ်
ဒီမယ် . . .
ဆုံးရှုံးရခြင်းတွေထဲမှာပဲ အသက်တွေကြီးရင့်
မဖြစ်သင့်တာတွေ ထ ထ ဖြစ်တတ်တာတခုထဲနဲ့လဲ
ဘ၀ကြီးကို ခနခန မဆဲရေးချင်တာ

2 Comments:

အမရာ said...

ဟန်နီ....မဆဲရေးတာလဲကောင်းတာပါဘဲ.......
ဘာပဲပြောပြောကဗျာကတော့တော်တော်ကောင်းတယ်....

ရွှေပြည်သူ said...

ဟန်နီရေ... စာကြောင်းတိုင်းကို ကြိုက်တယ်... ဘာပဲရေးရေး ရင်ဘတ်ထဲမှာ ကျန်ရစ်ခဲ့အောင် ရေးတတ်တာကို အမြဲလေးစားနေမိပါတယ် ညီမလေး...