ပြောထားရက်သားနဲ့

Tuesday, October 7, 2008

အရင်လ က ပရုတ်လုံးလေးတွေတောင် အတော်ပါးနေပြန်ပြီ
မသိဟန်ပြုပြီး ဘီဒိုအပိတ်မှာ ကိုယ့်ပုံရိပ်ကိုယ် မျက်နှာလွှဲ
ကျန်းမာရေးလဲ ဂရုစိုက်လို့ မပြောလိုက်ရဘူး
မမိုက်ပါနဲ့လို့တော့ အခါခါသတိပေးခဲ့သား

ဒီအချိန်ရောက်ရင် နားရွက်တွေအေးစက်လာမှုအကြောင်း
အတိတ်ဟောင်းထဲ ငါ့ခွေးလေးလဲ အရမ်းချမ်းနေမှာပဲ
နောက်တခါတွေ့ရင် ချောကလက်စားမလား မေးမထားလိုက်ရဘူး
ထွက်မသွားပါနဲ့လို့ ငါမင်းကို မပြောခဲ့ဘူးလား

တစ တစ ပျောက်ကွယ်မသွားမချင်း
မိုးလင်းတိုင်း အဲ့ဒီအသံနဲ့နိုးထဖို့
ခပ်ဖွဖွ မျက်လုံးမှိတ် အိပ်တော့မယ်ကွာ
အချစ်ဟာ ငါ့ကောက်ရိုးမျှင်လေးပါလို့ မပြောလိုက်ရဘူး
ဒါပေမယ့်
လိပ်ပြာတွေ သိပ်မွကြေလွယ်လို့
လွှင့် လွှင့် မပစ်ဖို့ ကို့ကိုပြောခဲ့တယ်မဟုတ်လား
လွှင့် မပစ်ဖို့ ပြောခဲ့တယ်မဟုတ်လား

2 Comments:

Mhu Darye said...

ရောက်ဖြစ်ပြန်တယ်...။

အမရာ said...

လိပ်ပြာတွေသိပ်ကြေမွလွယ်လို့
လွှင့်လွှင့်မပြစ်ဖို့ကို့ကိုပြောခဲ့တယ်မဟုတ်လား
လွှင့်မပြစ်ဖို့ပြောခဲ့တယ်မဟုတ်လား
ပြောခဲ့တယ်မဟုတ်လား............
ပြော..ခဲ့..တယ်...မ...ဟုတ်..လား...........