Tuesday, September 9, 2008
ပေါင်းဆုံစီးဆင်းဖို့လား
ဖြတ်သန်းကျောခိုင်းသွားဖို့လား
ရှေ့ကို ဘာဆိုဘာမှ မမြင်ရပေမယ့်
တဘ၀လို့ ထင်လိုက်တဲ့ တခဏမှာတွေ့တယ်။
အိပ်မက်တွေ စားသုံးကြီးထွားနေတဲ့ သစ်ပင်လေးရယ်
ငါ့အဓိပ္ပါယ်တွေကတော့ လူမသိသူမသိ ပြိုပြိုကျသွား
ဝိုးတ၀ါးနေညိုမှာ
မင်းကို အပူရှိန်ဟပ်မှာစိုးတော့ ငါ့သက်ပြင်းကိုထိန်ချန်လို့ပေါ့
အချိန်မတန်ခင် သောကတွေနဲ့ မင်းနိုးထမှာ စိုးခဲ့တယ်။
အတက်နဲ့ အကျလား၊ အသွားနဲ့အပြန်လား
ထာဝရအတွက်ဆိုတဲ့ မနက်ဖြန်ကလဲ ဘယ်တော့မှရောက်မလာဘူး။
အိပ်စက်ခြင်းတွေကို ချေမွထားတယ်ရယ်လို့
မရေရာမှုတွေကို စွဲချက်တင်
တဒင်္ဂဖြစ်ဖြစ် အိပ်မက်ချင်တယ် . . .
မင်းရယ် ငါရယ် . . .တောင်တန်းတွေရယ်
ဒီလိုနဲ့ သွေးပျက်လာတဲ့ စက္ကန့်လေးများ
သစ်ရွက်ဖျားကနှင်းစက်လေးထဲ ခိုနေကြတယ် ။ ။
1 Comment:
မျှော်လင့်ထားတဲ့ ဆုံမှတ်တွေ အမြန်ကျရောက်လာပါစေအမ...ဆုတောင်းပေးသွားတယ်ဗျာ...
Post a Comment