Sunday, September 28, 2008
လေညင်းခေါင်းတချက်ခါတာနဲ့ သစ်ရွက်ဟာ ကြွေဖို့အသင့်
အဲသလို ဖြစ်တတ်ခြင်းတွေက ခြိမ်းခြောက်သမျှ
ထိန်းထိန်းသိမ်းသိမ်းပြောရ လုပ်ရ တွေးရ
အဲဒါ့ကြောင့်ပဲ ကမ္ဘာကြီးလဲ ပူပူလာလေရော့သလား
ကဲကွယ် မငြင်းဆန်ခြင်းနဲ့ လက်မခံခြင်းကြားမှာ
အရာရာ တဲတဲကလေးဟန်ချက်ညီသင့်လျှက်နဲ့
ခက်တာက ခဏ ခဏ လွဲချော်နေကြမှတော့
ပေပြီးပွပြီး လူ့ဘ၀ကြီးကို သံတမန်ဆံဆံ
ရေလိုက်ငါးလိုက် ဟန်မဆောင်ချင်ဘူး
နေ့ညတွေထဲ မတော်တဆတွေကို တဖွဲဖွဲခါချလိုက်ပြီ
ကဲ ကြွေချင်သပဆိုကြွေကြ
ငါကိုယ်တိုင်က ရိုင်းလှချည့်ဆိုတဲ့ အဲ့ဒီပင်လယ်ရင်ခွင်ထဲ
ကမ်းစပ်ကိုကျောခိုင်း ကြွေခဲ့တဲ့ မုန်တိုင်းပါကွယ်
2 Comments:
မငြင်းဆန်ခြင်းနဲ့ လက်မခံခြင်းကြားမှာ လွဲချော်နေတာ
tag ထားတာကို မရေးတာပေါ့။
တကယ့်ကိုမှတကယ့်ကို
အသေအလဲပါဘဲ...............
Post a Comment