လူကောင်းမဟုတ်ကြောင်း ထောက်ခံစာ

Sunday, September 21, 2008

နားမလည်ချင်ဟန်ဆောင်ထားရတဲ့
ဖြစ်ချင်တိုင်းမဖြစ်ရကြောင်း သင်ခန်းစာ
အဲဒီနေ့က ငါကျောင်းမလာဘူး

အကျင့်သီလကိစ္စများ အခန်းတစ်
လက်တံတွေးဆွတ်ပြီး လှန်ပစ်လိုက်တယ်
ငါတော်ဖို့မလို ပြိုင်ဖက်တွေညံ့ဖို့သာလိုတယ်

မင်းသားကြီးမဖြစ်ရလို့
ပတ်မကြီးရော၊ ပွဲလန့်တုန်းခင်းတဲ့ဖျာများပါ
တခါတည်း မီးပုံရှို့လိုက်တယ်
ပွဲပြီးမီးသေဖို့က အရှို့ခံရသူကိစ္စ

တစုံတယောက်တွေ့ရှိသမျှ
အတိအကျပြန်ရေးပြတာနဲ့
ဒီနံရံပေါ်က ဆုတံဆိပ်များ ငါချိတ်ထားခဲ့ရတာ

သိတိုင်းဖော်စားတဲ့ ငပေါများစာရင်းဝင်တွေ
မကြိုက်လျှင်ကျော်သွားမည်ဖြစ်ကြောင်း ငါခွင့်မတောင်းတတ်သူပါ
အဲဒီကမ်းပါးမှာ ငါထိုင်နားသူမဟုတ်လို့
သပွတ်အူများ မျှောချင်သလိုမျှောကြ

2 Comments:

Mhu Darye said...

ha ha...dun understand meaning well, like it though ^_*

အမရာ said...

်ငါတော်ဖို့မလိုပါဘူး
ပြိုင်ဘက်တွေညံ့နေဖို့သာလိုတာ.....
ကောင်းတယ်ကွ....အမရာဒီစာသားကို
ကြိုက်တယ်......အမရာကိုလည်းထောက်
ခံစာတစောင်လောက်........။