ခက်တယ် ခက်တယ်

Tuesday, September 16, 2008

ဆက်သွယ်ရာ တခုတည်းသော ဘာသာစကားမှာ
ထွက်ခွာချိန်နှုတ်ဆက်ဖို့ ဝေါဟာရမရှိတဲ့အခါ
ဘယ်လို . . . သုံးနှုန်းကြသလဲ

လိပ်ပြာတကောင်ရဲ့အနမ်းလို နူးညံ့နေဖို့
ဘယ်လောက်အားထုတ်ရသလဲ
သစ်ရွက်လေးကြွေသလောက် သမားရိုးကျဆန်ဖို့
ဘယ်လောက်ချိန်ဆ ရသလဲ

လူပီပီ မနာကျင်ချင်ကြဘူးပေါ့
မဖြစ်မနေ နာကျင်ရမယ်ဆိုရင်လဲ
ဘာမှမဖြစ်သလို ပြုံးပြီးနေခွင့်တော့ ရှိဖို့ကောင်းတယ်

မိတ်ဆွေတယောက်ကတော့ ပြောပါတယ်
ပြောရခက်တယ်လေ ကိုယ့်အကြောင်းကိုယ်သာ အသိဆုံးမလား . . . တဲ့
အဲဒါကြောင့်ပဲ ခက် ခက် နေရတော့တာကလား . . .

2 Comments:

လင်း said...

လူပီပီ မနာကျင်ချင်ကြဘူးပေါ့
မဖြစ်မနေ နာကျင်ရမယ်ဆိုရင်လဲ
ဘာမှမဖြစ်သလို ပြုံးပြီးနေခွင့်တော့ ရှိဖို့ကောင်းတယ်

အမှန်ဘဲဟန်နီရေ။ ကိုယ်နာကျင်နေရချိန်မှာ သနားတယ်ဆိုတဲ့ အကြည့်တွေကို ပြုံးပြီးရင်ဆိုင်ချင်တယ်။

Apprenticeship said...

ပြုံးနေနိုင်ပါတယ် :D :P ကဗျာလေးကကောင်းတယ်